Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၆၇၀၀၀-၆၆၀၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၆၅၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၆၅၀၀၀-၆၄၀၀၀) ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၆၃၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုး တစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့်ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၅၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၅၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၅၀၀၀၀  ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၅၃၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀)ကျပ်ခန့် ကျဆင်းသွား ကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၆၄၀၀၀) ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၆၄၀၀၀) ကျပ် ရှိပါသည်။ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲသီးနှံ ဈေးငြိမ်နေကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၉၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၇၁၀၀၀)ကျပ်၊ 929  (၆၄၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၇၀၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၇၁၀၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၆၅၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၅၀၀) ကျပ်၊929  တစ်တင်းလျှင် (၅၀၀) ကျပ်နှုန်းကျဆင်းလာကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၈၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၇၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၅၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၇၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းနီ ဈေးငြိမ်နေကြောင်း ၊ ပြောင်းဖူးစေ့ (စီပီ) တစ်တင်း (၃၀၀)ကျပ်ခန့်မြှင့်တက်လာပြီး၊ ဆန်ပြောင်းဖြူ တစ်တင်းလျှင် (၅၀၀)ကျပ်ကျဆင်းလာနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News